Saturday, January 4, 2014

ငရဲဘုံ ( ဒေါက်တာနန္ဒမာလာဘိဝံသ )

ငရဲဘုံ ( ဒေါက်တာနန္ဒမာလာဘိဝံသ )

ငရဲဘုံဆိုတာ အားလုံးကြားဘူးတယ်။ ဒေ၀ဒူတသုတ္တန်မှာဆိုရင် ငရဲဘုံဟာ ငရဲကျသွားတဲ့သူတွေကိုအုပ်ချုပ်နေတဲ့ ယမမင်းကြီးဆိုတာရှိတယ်။ ယမမင်း ကြီးကိုဗုဒ္ဓစာပေမှာ သူတော်ကောင်းလို့ သတ်မှတ်တယ်။ ဘာဖြစ်လို့တုန်းဆို ယမမင်းကြီးကငရဲကျလာတဲ့ ပုဂ္ဂိုလ်တွေ ထဲကကယ်တင်လို့ရမယ့်ပုဂ္ဂိုလ်တွေကို ကယ်တင်ဖို့ဆိုတဲ့အနေအထားမျိုးနဲ့ သူနေတာ။ ဆွဲချဖို့သူနေတာမဟုတ်ဘူး။ တွန်းပို့နေတာမဟုတ်ဘူး။ အချွန်နဲ့မဖို့ မဟုတ်ဘူး။ အဆင်းကိုဘီးတပ်ဖို့နေတာ မဟုတ်ဘူး။ ဒုက္ခမရောက်ထိုက်တဲ့ပုဂ္ဂိုလ် တွေကို ဒုက္ခမရောက်အောင် ကယ်တင်ဖို့ ဖြေရှင်းဖို့ဆိုပြီး သူကလာပြီးတော့နေတာ ယမမင်းက သူတော်ကောင်းကြီး။

ယမမင်းကအမြဲတမ်းတောင့်တတယ်တဲ့ `ငါလူ့ဘ၀မှာဖြစ်ပါရစေ၊ ငါလူဖြစ်တဲ့အချိန်မှာ ဘုရားပွင့်တာနဲ့ကြုံပါရစေ။ အဲဒီဘုရားကိုလည်း ငါဆည်းကပ်ကိုးကွယ်နိုင်ပါရစေ။` လူလည်း ဖြစ်တယ် ဘုရားပွင့်တယ်ဘုရားဆီရောက်ချင် မှရောက်တာနော်။ ဒါကြောင့်အကြောင်းဆိုတာ ပိုပြည့်စုံအောင်လုပ်ရမယ်။ လူလည်းဖြစ်ရမယ် ဘုရားလည်းပွင့်ရမယ်။ ဘုရားဆီကိုလည်း သွားရောက်ဆည်းကပ်ရမယ်။ ဘုရားကလည်း တရားဟောရမယ်။ ဘုရားဟောတဲ့တရားကို လည်းသိပါရစေ။ အဲဒါမှပြည့်စုံတယ်နော်။ ဆုတောင်းလို့ရှိရင်အဲဒီလိုဆုတောင်းရမယ်။ အဲဒီလိုသူကအမြဲတမ်းတောင့်တနေတာ။ လူဖြစ်ပါရစေ လူဖြစ်တဲ့အချိန်မှာ ဘုရားပွင့် တာနဲ့ကြုံပါရစေ။ ဘုရားကိုလည်းဆည်းကပ် ပါရစေ။ ဘုရားကလည်းသူ့ကိုတရားဟော ပါစေ။ ဟောတဲ့တရားကိုသူနာပါရစေ။ နာပြီးတော့လည်း သိပါရစေ။ ယမမင်းကြီး ကအမြဲဆုတောင်းနေတယ်။

ဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့ ငရဲရောက် သွားတဲ့ပုဂ္ဂိုလ်ဆိုရင် ငရဲသားတွေက အဲဒီငရဲ ကျလာတဲ့ငရဲကိုမယောင်မလည်နဲ့ ရောက်လာ တဲ့လူသစ်၊ သတ္တ၀ါအသစ်ကို ယမမင်းကြီးဆီ ခေါ်လာလေ့ရှိတယ်။ ခေါ်လာတဲ့အခါကျတော့ သူတို့ကဘာလုပ်လဲဆိုရင်``အရှင်မင်းကြီး ဟောသည်လူက အမေကိုလည်းမပြုစုဘူး။ ဆွေမျိုးတွေထဲမှာ အသက်အရွယ်ကြီးတဲ့သူ တွေကိုလည်း ဂရုမစိုက်ဘူး။ သမဏ ဗြဟ္မဏ ဆိုတဲ့ ဘာသာရေးလေးစားသူတွေကိုလည်း အလေးမမူဘူး။ ကုသိုလ်ကောင်းမှုလည်း မလုပ်ဘူး။ ဥပုသ်လည်းမစောင့်ဘူး။ ကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်၊ မကောင်းမှု ဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ် သူ့ကိုအပြစ်ဒါဏ် ခတ်ပါ``လို့ဆိုပြီးသူ့ဆီလာပို့လိုက်တယ်။

ပို့ပြီးတဲ့အတိုင်း ယမမင်းကြီးကမေးတယ်။ သူ့ကို``မင်းလူ့ပြည်မှာ ပထမဆုံးနတ်တမန် ကိုမင်းတွေ့ခဲ့သလား။ ``လို့အဲဒီမေးခွန်းစမေး တယ်။ ထိုသူက ``မတွေ့ခဲ့ဘူး``တဲ့ ။``မင်းငါ ဆိုလိုတာကိုသေချာနားထောင် `` ``မင်းလူ့ပြည်မှာတဲ့ အသက် ၈၀-၉၀ အရွယ် ခါးတွေကိုင်းလို့၊ ဆံပင်တွေဖြူလို့၊ သွားတွေ ကျိုး အဲသလိုအဘိုးအိုကြီး အဖွားအိုကြီးတွေ ကို မင်းမမြင်ဖူးဘူးလား``ဆိုတော့ ``မြင်ဖူး ပါတယ်``။``အဲသည်လိုမြင်ဖူးတဲ့အခါတုန်းက မင်းမစဉ်းစားဘူးလား၊ ငါလဲတစ်နေ့ကျ အို ရဦးမှာဖူးလူးလားတဲ့``။ ````မစဉ်းစားပါဘူး`` တဲ့ ။ မေ့မေ့လျော့လျော့နေခဲ့ပါတယ်။ မေ့မေ့ လျော့လျော့နေတယ်ဆိုတာ ဘာမှမလုပ်ပဲ နေတာကိုပြောတာမဟုတ်ဘူး။ ကုသိုလ် ကောင်းမှုတစ်ခုမှ မလုပ်တာ။

စဉ်းစားရမှာက သြော် ငါလည်းတစ်နေ့ကျ အိုရဦးမှာပဲ။ အိုခြင်းသဘောကို မလွန်မြောက် နိုင်သေးဘူး။ မအိုခင်ငါကောင်းတာလေးတွေ လုပ်ဦးမှပဲ။ ``ဆိုတဲ့ ကုသိုလ်လုပ်ဖို့အတွက်ကို စိတ်ကိုမလှည့်ဘူး။ ကာမဂုဏ် အာရုံကိစ္စတွေ နဲ့ပဲ စားဝတ်နေရေးတွေနဲ့ နေ့စဉ်အချိန်ကုန် ပြီးကုသိုလ်ကောင်းမှု လုံးဝမလုပ်ခဲ့ဘူး။ ယမမင်းကြီးက သနားညှာတာပြီးပြောတော့ ပြောတယ်။ ``အေးလေ မင်းမေ့ခဲ့လို့မလုပ်တာ တော့ ဒီအကုသိုလ်အလုပ်တွေကို မင်းမေ့မေ့ လျော့လျော့ လုပ်ခဲ့တာတော့ မင်းအမေက လုပ်ခဲ့တာလည်း မဟုတ်ဘူး။ မင်းအဖေ လုပ်တာလည်း မဟုတ်ဘူး။ ဘယ်သူကမှ လုပ်တာလည်း မဟုတ်ဘူး။ မင်းကိုယ်တိုင် လုပ်တာ အဲဒီတော့ မင်းကိုယ်တိုင်ပဲခံစားရ လိမ့်မယ်တဲ့ ``။ ဒီလိုပဲပြောတယ်။

အဲဒီပထမတမန်အကြောင်းမေးတာမရတော့ ```ဒုတိယတမန်တော်ကို မင်းမြင်ခဲ့သလား`` လို့မေးတယ်။ ``မမြင်ခဲ့ပါဘူးတဲ့````မင်းနေ မကောင်းထိုင်မသာဖြစ်လို့ ကိုယ့်ရဲ့မစင် အညစ်အကြေးတွေမှာ လူးလဲအော်ဟစ်ပြီး တော့အများက ၀ိုင်းထူမှထနိုင်တဲ့လူနာကြီး ကော မင်းမမြင်ခဲ့ဘူးလား``၊ဆိုတော့ မြင်ခဲ့ပါတယ်``၊ ``အဲဒီလိုမြင်တဲ့အခါမှာ သိတတ်ပြီးတော့ စဉ်းစားဖူးလား။ ``ငါလဲပဲ တစ်နေ့နာရဦးမှာပဲ ၊ နာခြင်းသဘောကို မလွန်မြောက်နိုင်သေးဘူး။ မနာခင်က ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဦးမှပဲ ဆိုတဲ့အတွေး မင်းမပေါက်ဘူးလား`` ``မပေါက်ခဲ့ပါဘူးတဲ့။ စားဝတ်နေရေး အတွက်အချိန်ကုန်သွားပြီး ပျော်လို့ ပါးလို့ကာမဂုဏ် အာရုံတွေထဲမှာပဲ အချိန်ကုန်သွားခဲ့တယ်။ လူ့ဘ၀ ဘယ်လောက်ကြောက်စရာကောင်း တုန်းနော် ။ လုပ်ကိုင်စားသောက်ပြီး တော့ ဒီအတိုင်းပဲအချိန်ကုန်သွားတယ်။ ကုသိုလ်ကောင်းမှုအတွက် တစ်ခုမှ မလုပ်ဘူး။ ဒါနဲ့ယမမင်းကြီးက ခုနက လိုပဲပြောတယ်။ ``အေးလေ မင်းမေ့ခဲ့လို့ မလုပ်တာ တော့ ဒီအကုသိုလ်အလုပ်တွေ ကို မင်းမေ့မေ့လျော့လျော့ လုပ်ခဲ့တာတော့ မင်းအမေကလုပ်ခဲ့တာလည်း မဟုတ်ဘူး။ မင်းအဖေလုပ်တာလည်း မဟုတ်ဘူး။ ဘယ် သူကမှလုပ်တာလည်း မဟုတ်ဘူး။ မင်းကိုယ် တိုင်လုပ်တာ အဲဒီတော့ မင်းကိုယ်တိုင်ပဲ ခံစားရလိမ့်မယ်တဲ့ ``။ ဒီလိုပဲပြောတယ်။

နောက်တစ်ခါ-```တတိယတမန်တော်ကောမတွေ့ခဲ့ဘူးလား`` လို့မေးတယ်။ ``မတွေ့ခဲ့ပါဘူးတဲ့````သေဆုံး သွားတဲ့သူတွေကော မင်းမတွေ့ခဲ့ဘူးလား``၊ ဆိုတော့တွေ့ခဲ့ပါတယ်``၊ ``အဲဒီလိုတွေ့တဲ့အခါ မှာသိတတ်ပြီးတော့ စဉ်းစားဖူးလား။ ``ငါလဲပဲ တစ်နေ့သေရဦးမှာပဲ ၊ သေခြင်းသဘောကို မလွန်မြောက်နိုင်သေးဘူး။ မသေခင်က ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဦးမှပဲ လို့ စဉ်းစားပြီးတော့ ကောင်းတာတွေမလုပ်ခဲ့ ဘူးလား``ဆိုတော့``မေ့လျော့ခဲ့ပါတယ်။ မလုပ်ခဲ့ပါဘူး``တဲ့ဟောဒီလိုပဲဖြေတယ်။

ယမမင်းကြီးက တမန်သုံးယောက် `သူအို၊ သူနာ၊ သူသေ``ဆိုတဲ့ တမန်သုံး ယောက်အကြောင်း မေးစစ်ပြီးတဲ့အခါမှာ ``ကဲမင်းထိုက်နဲ့မင်းကံ `` အကယ်၍သူက ကုသိုလ်ကောင်းမှုများရှိလို့ရှိရင် သူက ဖော်ပြီးတော့ပေးတယ်၊ ဖော်ပေးရင်လဲ အဲဒီပုဂ္ဂိုလ်က သတိရပြီး သူ့ကံအရှိန်နဲ့ လွတ်သွားတာ။ ယမမင်းကလွှတ်ပေး တာမဟုတ်ဘူးနော် ။ သူကကူညီရုံ သက်သက်ပဲ။ သူကူညီဖို့လိုက်ရှာတာ ကူညီလို့မရဘူး။ သူကကောင်းတာ တွေက တစ်စက်မှမတွေ့ဘူး။ မကောင်း တာတွေချည်းပဲ။ ``ကဲမင်းထိုက်နဲ့မင်းကံ လို့ဆိုပြီး တခါတည်းငရဲသားတွေက ဆွဲ ခေါ်သွားတယ်။

ဆွဲခေါ်သွားပြီးတော့ ဘယ်ဘက်လက်ထဲမှာ သံချောင်းကြီး ထိုးထည့်လိုက်တယ်။ မီးရဲရဲ နဲ့သံချောင်းကြီး ထိုးထည့်လိုက်တာ။ ညာ ဘက်လက်ထဲမှာ သံချောင်းကြီးထိုးထည့် လိုက်တယ် ။ ဘယ်ဘက်ခြေထောက်မှာ သံချောင်းကြီး ထိုးရိုက်လိုက်တယ်။ ညာဘက်ခြေထောက်မှာလည်း မီးရဲရဲ တောက်နေတဲ့ သံချောင်းကြီးထိုးရိုက်ပြီး ရင်ဝမှာလည်း သံချောင်းကြီးထိုးရိုက် လိုက်တယ်။ သာမာန်လူတစ်ယောက် ဆိုရင်တော့ သေမှာပေါ့။ ငရဲသားက မသေဘူးတဲ့။ ဘာဖြစ်လို့တုန်းက့မကုန် သေးရင် မသေဘူးတဲ့။ ခံရဖို့ သက်သက် ပဲဟာ။ ဒီလိုမီးပူနေတဲ့သံချောင်းကြီး ရဲရဲတောက်နေတဲ့ သံချောင်းကြီး ရင်ဝထိုးထားတာတောင်မှ မသေဘူး တဲ့ သူက အော်ဟစ်ပြီးတော့ အသက် ရှင်နေတုန်းပဲ။ မောင်သက်ပြင်းဆိုတာ ငရဲပြည်မှာရှိတာနော်။ ကံမကုန်မချင်း သူတို့ဘယ်တော့မှ မသေဘူးတဲ့။

အဲဒီငရဲဘုံမှာ ညှင်းဆဲလိုက်ပုံက အမျိုးမျိုးပဲ။ ဇောက်ထိုးဆွဲပြီးတော့ ဓါးမတွေနဲ့ခုတ်တယ်။ လှည်းမှာတပ်ပြီး နွားလိုမောင်းတယ်။ မောင်းတဲ့မြေကြီးက လည်း မီးရဲရဲတောက်နေတဲ့ သံပူမြေကြီး ပေါ်မှာ၊ မီးတောင်ကြီးပေါ်တက်ခိုင်းတယ်။ မတက်ရင်နောက်က ရိုက်တယ်။ အဲဒီလိုတွေ လုပ်ပြီးနောက်ဆုံးကျ ဘယ်ထဲပြစ်ချတုန်းဆို ရင် ငရဲအိုးကြီးထဲ ပစ်ချတယ်။ ငရဲအိုးကြီးထဲ ပစ်ချ ပွက်ပွက်ဆူနေတဲ့ ငရဲအိုးကြီးထဲက ပြန်ပေါ်လာပြီဆို ဆယ်ဆယ်ပြီးတဲ့အခါကျ တော့ အ၀ီစိငရဲကြီးထဲ ထည့်ပြီးတော့ ပို့လိုက် ပြန်တယ်။ အဲဒီလိုနဲ့ ကံမကုန်မချင်းအဲဒီပုဂ္ဂိုလ် ဟာ အ၀ီစိငရဲထဲမှာ ဒီလိုပဲခံရတယ်တဲ့။

အ၀ီစိဆိုတာ သတ္တ၀ါတွေ အကြားအလပ်မရှိ ဘူး။ မှဒတောက်တွေရဲ့ အကြားအလပ်လည်း မရှိဘူး။ ငရဲခံနေရတဲ့သတ္တ၀ါတွေကလည်း ပြည့်နေတာ။ အပ်ဘူးထဲမှာ အပ်ကလေးတွေ ထည့်ထားသလိုပဲတဲ့ပြည့်နေတာ။ ဒါကြောင့် မို့ အ၀ီစိလို့ခေါ်တာ။ မီးတောက်တွေလည်း စဉ်ဆက်မပြတ် တဟုန်းဟုန်းတောက်နေတာ။ ချမ်းသာသုခရတဲ့ အကွက်လေးဆိုတာလည်း တခုမှမရှိဘူး။

အဲဒီငရဲက လေးထောင့်အဆောင်အအုံကြီး တဲ့ အကြီးကြီးနှစ်ယူဇနာရှိတဲ့ လေးထောင့် အဆောက်အအုံကြီး၊သံမိုး သံကာ သံခင်း နဲ့ သံတခါးကြီးတွေတပ်ထားတာ။ တခါတရံ ကျရင်ဒီတံခါးကြီးတွေက ``ဂျောင်း``ဆိုပြီး ပွင့်လာတယ်။ ပွင့်လာတဲ့အခါကျတော့ ငရဲသားတွေက အဲဒီကနေထွက်ပြေးကြတာ လွတ်မလားလို့ မလွတ်ဘူး။ သက်သက်အဲဒါ ဒုက္ခပေးတာ။ တံခါးကိုဖွင့်ပေးပြီး ထွက်ပြေး တဲ့သူတွေ အကုန်အရိုက်ခံရတယ်။ အဲသလို နဲ့ပဲ ဒုက္ခတွေရောက်ပြီးတော့ လွတ်ထွက် သွားတဲ့ကောင်လည်း ငရဲအိုးထဲတစ်ခါပြစ်ချ ခံရပြန်တယ်။ အဲသလိုဒုက္ခတွေရောက်ပြီး တော့ ငရဲခံရတယ်ဆိုတာ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်က ဒေ၀ဒူတသုတ္တန် မှာ ဟောထားတာရှိပါတယ်။

ဒေ၀ဒူတသုတ်က နှစ်သုတ်ရှိတယ်။ အင်္ဂုတ္ထိုလ်ထဲမှာ ၁-သုတ်၊ မဇ္ဈိမနိကာယ်မှာ ၁-သုတ်၊ အဲ့ဒီနှစ်သုတ်ကို ဖတ်ကြည့်လို့ ရှိရင် ငရဲအကြောင်းသိကောင်းစရာတွေ အကုန်ပြည့်စုံအောင် သိရပါလိမ့်မယ်။

အရှင် နန္ဒမာလာဘိဝံသ အဘိဓမ္မာမြတ်ဒေသနာ

Friday, January 3, 2014

ငယ်ချစ်ဦး

ငယ်ချစ်ဦး

တစ်သက် တစ်ခါ ၊ တစ်လွှာ တစ်ရွက် တစ်ခက် တစ်ပွင့် ၊ ငုံအဆင့်မို့ ရင့်လို့ပဲ ဝါဝါ ညှာတံပဲ ပြုတ်ပြုတ် ဖြုတ်ခနဲပဲ ကြွေကြွေ မြေမှာပဲ ရောက်ရောက် ဖွဖွလေးကောက်လို့ ပန်းခြောက်လေးဘဲ မြတ်နိုးမယ်...။
မောင်စိန်ဝင်း (ပုတီးကုန်း)

ကြိုးမဲ့ဆက်သွယ်ရေး စနစ်များ

မိုဘိုင်းဖုန်းဟာ ကြိုးမဲ့ ဆက်သွယ်ရေး ပစ္စည်းဖြစ်တဲ့အတွက် သူ့အထဲမှာ ကြိုးမဲ့ဆက်သွယ်ရေး စနစ် တစ်မျိုးမက ပါလာပါတယ်။ ဖုန်းဆက်ရုံလောက် ကိစ္စမှာ အဲဒီ စနစ်တွေအကြောင်း မသိရင် ကိစ္စ မရှိပေမယ့် မိုဘိုင်းဖုန်း အင်တာနက်နဲ့ ပတ်သက်လာပြီဆိုရင် ကြိုးမဲ့စနစ်တွေအကြောင်း နားလည်ဖို့ လိုလာပါတယ်။ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်အကြောင်း နားမလည်တဲ့အတွက် handset ဝယ်တဲ့ နေရာမှာ အမှားတွေ ကြုံပါတယ်။ အင်တာနက်ချိတ်ဆက်ရေး ကိစ္စမှာ အခက်အခဲတွေ တွေ့ရပါတယ်။ ၁၅၀၀ ကျပ်တန် ဖုန်းတွေထွက်မှ မိုဘိုင်းဖုန်း သုံးဖြစ်တဲ့ အခြေခံ လူတန်းစား မပြောနဲ့ ပိုက်ဆံပေါလို့ ၁၅ သိန်းခေတ်က မိုဘိုင်းဖုန်းဝယ်သုံးခဲ့တဲ့ လူတွေတောင် ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွေကို နားမလည်တာတွေ အများကြီးပါ။ ဒါကြောင့် မိုဘိုင်းဖုန်းတစ်လုံးကို ပြည့်ပြည့်စုံစံ သုံးချင်သူတွေအတွက် ကြိုးမဲ့ ဆက်သွယ်ရေး စနစ်သုံး၊ ဝေါဟာရတွေကို လေ့လာကြည့်ရအောင်။

Bluetooth

Bluetooth ဆိုတာ တာတိုကြိုးမဲ့ ဆက်သွယ်ရေးစနစ်ပါ။ Bluetooth ပါတဲ့ ဖုန်းအချင်းချင်း၊ Bluetooth ပါတဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကြားမှာ ကြိုးမဲ့ ချိတ်ဆက်ပြီး data တွေ ဖလှယ်နိုင်ပါတယ်။ လူပြိန်း နားလည်အောင် ပြောရရင် ဖုန်းတစ်လုံးနဲ့ တစ်လုံး ချိတ်ပြီး သီချင်းတွေ၊ ဂိမ်းတွေ ဖလှယ်ကြတာမျိုးပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ လောလောဆယ် ဝင်နေတဲ့ handsetအများစုမှာ Bluetooth 2.0 ကို သုံးပါတယ်။ တချို့မှာက Bluetooth 2.0 EDR (Enhanced Data Rate) ဆိုတာလည်း သုံးတယ်။ သူက data တွေကို ပိုပြီး မြန်မြန်ဆန်ဆန် လွှဲနိုင်ပါတယ်။

အခုဆိုရင် ခလုတ်ဖုန်း အတော်များများတောင်မှ Bluetooth စနစ်ပါနေပါပြီ။ အဆင့်မြင့် တို့ထိဖုန်းတွေမှာတော့ Bluetooth နားကြပ်နဲ့ ချိတ်ဆက်ပြီး ကားမောင်းရင်း လက်မကိုင်ဘဲ ဖုန်းပြောဖို့ သိပ်ပြီး အသုံးတည့်ပါတယ်။ နားကြပ်နဲ့ ဖုန်းနဲ့ကို Bluetooth ချိတ်ပြီး ဖုန်းပြောချင်သူတွေ 4.0 version ကို ရှာပြီးဝယ်ပါ။ Bluetooth ရဲ့ မူလ ဆက်သွယ်နိုင်တဲ့ အကွာအဝေးက ပေ ၃၀ အတွင်း ဖြစ်ပေမယ့် Bluetooth 4.0 မှာတော့ ပေ ၁၀၀ အတွင်းထိ ဆက်သွယ်နိုင်ပါတယ်။ ကြားမှာ နံရံတွေ ခြားရင် ဆက်သွယ်နိုင်တဲ့ အကွာအဝးတို့ပါမယ်။ အလုံပိတ်အခန်းတွေကြားမှာ နံရံဖောက်ပြီး မဆက်သွယ်နိုင်ပါဘူး။ သူ့ရဲ့ data လွှဲပြောင်းနှုန်းက 2.0 မှာ 50 kbps လောက်ရှိပြီး 4.0 မှာ 100 kbps ဝန်းကျင်ရှိပါတယ်။ MP3 သီချင်း တစ်ပုဒ် လွှဲရင် တစ်မိနစ်နီးပါး ကြာပါမယ်။ Bluetooth သုံးချင်ရင် setting ဆိုတဲ့ စက်သွားပုံ ပင်နယံအဝိုင်းလေးကို ရှာရမယ်။ setting > Wireless & networks > Bluetooth အောက်ကိုဝင်ပြီး သုံးရပါမယ်။ ချိတ်ဆက်မယ့် ဖုန်းနှစ်လုံးစလုံး Bluetooth ဖွင့်ထားရမယ်။ Bluetooth setting ထဲဝင်ပြီး device အချင်းချင်းသိအောင် discoverable/visible ကိုဖွင့်ထားပြီးBluetooth ဖွင့်ထားမယ့်ကာလ (discoverable time out) လုံလောက်အောင် ပေးရပါမယ်။

Wi-fi

သူကလည်း တာတိုကြိုးမဲ့ ဆက်သွယ်ရေး စနစ်ပါပဲ။ Bluetooth ထက်ပိုပြီး ဝေးဝေး ဆက်သွယ်နိုင်တယ်။ လှိုင်းတွေက နံရံဖောက်ဝင်အား ပိုပြီး ကောင်းပါတယ်။ လောလောဆယ်သုံးတဲ့ n စနစ်က ကြားမှာ အတားအဆီး မရှိရင် ပေ ၃၀၀ အကွာအဝေးအထိ ဆက်သွယ်နိုင်ပါတယ်။ ခလုတ်ဖုန်းအတော် များများမှာ wifi စနစ်ပါလေ့ မရှိပါဘူး။ တို့ထိ ဖုန်းတွေမှာပဲ ပါပါတယ်။ Wi-fi စနစ်က အမျိုးအစားတွေများတော့ သူ့ကို ခွဲခြားပြီး ပြောရင် 802.11 ဆိုတဲ့ စာလုံးကို ရှေ့ကခံပြီး ပြောပါတယ်။ ဒီနေ့အထိ အများသုံးနေတာဟာ a/b/g/n ဆိုပြီး စနစ်လေးမျိုးရှိပါတယ်။ (n) က အမြန်ဆုံးဖြစ်တဲ့ အတွက် handset ဝယ်ရင် (n) အမျိုးအစားပါမပါ သတိထားပြီး ဝယ်ရမယ်။

data လွှဲပြောင်းတဲ့ အမြန်နှုန်းကိုကြည့်ရင် a/b/g အမျိုးအစားတွေမှာ 54 Mbps (mega bit per second) ရပြီး၊ 2.4 GHz လှိုင်းခွင်ကနေ လွှင့်နိုင်ပါတယ်။ (n) အမျိုးအစားက 450 Mbps အထိ data လွှဲပြောင်းမှု အမြန်နှုန်းရှိပြီး 2.4 GHz နဲ့ 5 GHz လှိုင်းခွင်နှစ်ခုကနေ လွှင့်နိုင်တဲ့ အားသာချက် ရှိပါတယ်။ အခုနောက်ပိုင်း အဆင့်မြင့် handset တွေမှာ wifi direct စနစ်ပါလာပြီမို့ handset အချင်းချင်း တိုက်ရိုက်ချိတ်ပြီး data တွေ လွှဲနိုင်ပါတယ်။ ကျွန်တော်တို့ အသုံးများတဲ့ Zapya ကလည်း Wi-fi direct စနစ် တစ်မျိုးပါပဲ။

Wi-fi ရဲ့ အားသာချက်က အချင်းချင်း ချိတ်ဆက်တဲ့ နေရာမှာ Bluetooth လို အသိအမှတ်ပြုတဲ့စနစ် (pair) လုပ်ဖို့ မလိုတာဖြစ်ပါတယ်။ ဒါပေမယ့် wifi ကွန်ရက်ထဲမှာ password ခံထားရင်တော့ အဲဒီ password သိမှ ဝင်လို့ ရပါမယ်။ မိုဘိုင်းဖုန်းေ တွမှာ ကျွန်တော်တို့ အသုံးများတာက portable hospot ပါ။ setting>Wireless & Network> tethering & portable hotspot>portable WLAN hotspot ဖြစ်ပါတယ်။ ကိုယ်က တခြားလူ တစ်ယောက်ယောက်ကို ဒါမှမဟုတ် ကွန်ပျူတာ တစ်လုံးကို အင်တာနက် ပေးသုံးမယ်ဆိုရင် hotspot ကို သုံးပါတယ်။ WLAN hotspot configuration ထဲဝင်ပြီး၊ Network SSID/ security (လုံခြုံမှု စနစ်ဖြစ်ပြီး အများအားဖြင့် WPA2 ဆိုတဲ့ အလုံခြုံဆုံး စနစ်ကို သုံးပါတယ်။)

password တွေ မဖြစ်မနေ ထည့်ပေးရပါတယ်။ လုံခြုံမှု အားကောင်းစေဖို့ password ၈ လုံး ထည့်ပေးရလေ့ရှိပါတယ်။

EVDO

အင်တာနက်သုံးမယ်ဆိုရင် သိထားရမယ့် အင်တာနက် ဆက်သွယ်ရေး စနစ်တစ်မျိုး ဖြစ်ပါတယ်။ CDMA 800 MHz (၇၃၀ ဖုန်းစနစ်လို့လည်း လူသိများပါတယ်) မှာ သုံးတဲ့ အင်တာနက် စနစ်က EVDO စနစ်ပါ။ အရှည်က Evolution Data Optimized ဖြစ်ပါတယ်။ handsetမျက်နှာပြင်ပေါ်မှာ 3G စာလုံးအနေနဲ့ မြင်ရပါမယ်။ ကျွန်တော်တို့ လောလောဆယ် သုံးနေတာက EVDO Revolution A စနစ်ဖြစ်ပြီး အင်တာနက် ဆွဲချအမြန်နှုန်း 3.1 Mbps/အင်တာနကပေါ် ပို့လွှတ်အမြန်နှုန်း 1.8 Mbps ရှိပါတယ်။ Revolution B စနစ်က ပိုမြန်ပေမယ့် ကျွန်တော်တို့ဆီမှာ လောလောဆယ် မသုံးနိုင်သေးပါဘူး။

EDGE

သူကတော့ GSM ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က Enhanced Data rate ဖြစ်ပါတယ်။ handset မျက်နှာပြင်ရဲ့ အပေါ်နားမှာ E ဆိုတဲ့ စာလုံးလေးနဲ့ မြင်ရပါမယ်။ သူတို့ဆီမှာ GSM ကလည်း 3G စနစ်အမြန်နှုန်းက ရောက်နေပါပြီ။ ကျွန်တော်တို့ဆီမှာ စပြီး ပွဲထွက်တာက 2.5 စနစ် အမြန်နှုန်း စနစ် ဖြစ်ပါတယ်။ အင်တာနက်ကနေ ဆွဲချ အမြန်နှုန်း 384 kbps နဲ့ အင်တာနက်ပေါ် လွှတ်တင် အမြန်နှုန်း 59 kbps ဖြစ်ပါတယ်။ အင်တာနက် စနစ်မှာ အလွန်နှေးကွေးတဲ့အတွက် handset ဝယ်ရင် WCDMA/GSM နှစ်မျိုးတွဲကို ဝယ်ပြီး WCDMA အပေါက်မှာ GSM ကတ်ထည့်ပြီး သုံးသင့်ပါတယ်။

HSDPA

သူကတော့ WCDMA ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က High Speed Downlink Packet Access ဖြစ်ပါတယ်။ Handset မှာ အင်တာနက် ချိတ်ထားရင် H ဆိုတဲ့ စာလုံးလေးကို မျက်နှာပြင်အပေါ်နားမှာ မြင်ရပါတယ်။ မြန်မာပြည်မှာ သုံးနေတာက3.75 G စနစ်လို့ ပြောပါတယ်။ ကမ္ဘာ့စံ သတ်မှတ်ချက်အရဆိုရင် 3G+ စနစ်ပါ။ သီဝရီအရဆိုရင် အင်တာနက်ပေါ်က ဆွဲချ အမြန်နှုန်း (7.2Mbps) နဲ့ အင်တာနက်ပေါ်ပို့ အမြန်နှုန်း (2Mbps) ရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ လက်တွေ့ရနေတဲ့ အမြန်နှုန်းကတော့ သီဝရီမှာ ပြောတာရဲ့ အပုံတစ်ရာပုံ တစ်ပုံက အများဆုံးပါ။ ဒါပေမယ့် မြန်မာပြည်ရဲ့ မိုဘိုင်း အင်တာနက်မှာတော့ အမြန်ဆုံး ဖြစ်ပါတယ်။

1G/2G/3G/4G

Gဆိုတာက Generation ပါ။ ဆက်သွယ်ရေး စနစ် မျိုးဆက်တွေပေါ့။ 1G ဆိုတာက ပထမမျိုးဆက် ဆက်သွယ်ရေး စနစ်ပေါ့။ မျိုးဆက်တစ်ဆင့် တက်လာတိုင်း အမြန်နှုန်းရော အရည်အသွေးပါ ပိုကောင်းလာပါတယ်။ 4G လို့ခေါ်တဲ့ စတုတ္ထမျိုးဆက်ကတော့ လက်ရှိမှာ အမြန်ဆုံး အကောင်းဆုံး ဆက်သွယ်မှု စနစ်ပါ။

(Mobile Guide Journal ထံမှပြန်လည်ကူးယူဝေမျှပါသည်)

လူတွေ ဘယ်ကဖြစ်

လူဟာ မျောက်ကနေ ဖြစ်လာတာပါလား

အမေး။ အရှင်ဘုရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာ တယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင် ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဌာန်း တရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက် ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော်ဥာဏ်မမီတဲ့အတွက် ဖြေ ကြား ပေးတော်မူပါဘုရား။ စောဝတ်မှုံခင် ခေတ္တ ဂျပန်

အဖြေ။ ။ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီ ပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းက မပါ ခဲ့တဲ့ ဗြဟ္မာများဟာ အောက်အောက်ဗြဟ္မာ့ ဘုံနတ်ဘုံ များကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသန္ဓေ တည်ကြ ပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်က စုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေ တဆင့် လူဖြစ်လာတယ်ဆိုတာ လုံးဝမဟုတ် ပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀ သံသရာ ကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။ (သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄) နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြ တဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်…. သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇ ဆိုပြီး ပဋိသန္ဓေ လေးမျိုး ရှိပါတယ်။ (သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)

(က) သံသေဒဇပဋိသန္ဓေ ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အညစ်အကြေး၊ ပန်း မှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့ နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇ ပဋိသန္ဓေ လို့ခေါ်ပါတယ်။ပဒုမ္မာကြာမှာ ပဋိသန္ဓေ တည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့သားတော်၄၉၉ယောက်ဟာပဒုမ၀တီ မိဖုရားရဲ့ကိုယ်ဝန်အညစ်အကြေးကြောင့် ဖြစ်တယ်။ ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။

(ခ) သြပပါတိက ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀ မှာ ဘွားကနဲ ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိ သန္ဓေ” လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေ နေ ကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ် ဗြဟ္မာများ ဖြစ်ပါတယ်။

(ဂ)အဏ္ဍဇပဋိသန္ဓေ ဥခွံအတွင်းမှာ ပဋိသန္ဓေနေတာကို အဏ္ဍဇပဋိသန္ဓေ လို့ခေါ်ပါတယ်။ ငှက်အမျိုးမျိုး၊ မြွေ၊ လိပ်၊ ငါးစတဲ့ သတ္တ၀ါများဟာ ဥခွံအတွင်း ပဋိသန္ဓေ နေကြတဲ့ သတ္တ၀ါများ ဖြစ်ပါတယ်။

(ဃ)ဇလာဗုဇ သားအိမ်မှ ဖြစ်တာကို ဇလာဗုဇ ပဋိသန္ဓေ လို့ခေါ် ပါတယ်။ လူ၊ ဆင်၊ မြင်း၊ ခွေး စတဲ့ သတ္တ၀ါများဖြစ် တယ်။ဆိုခဲ့တဲ့ပဋိသန္ဓေများအနက် လူများဟာ သံသေဒဇ၊ သြပပါတိက၊ ဇလာဗုဇ များမှာ ပဋိသန္ဓေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာဦးလူများရဲ့ပဋိသန္ဓေက ဘွား ကနဲဖြစ်ပေါ်လာရတဲ့ သြပပါတိကပဋိသန္ဓေဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အမိဝမ်းတွင်းပဋိသန္ဓေ နေရတဲ့ ဇလဗုဇ ပဋိသန္ဓေ ဖြစ်ပါတယ် ဆိုတာ ဖြေကြားပေး လိုက်ရပါတယ်။

စာရေးသူ- ဦးကောဝိဒ(မြိတ်) |

Thursday, January 2, 2014

သကြားနှင့်ဆား စားမှသိ ဝေဘူ ဆရာတော်ဘုရားကြီး

သကြားနှင့်ဆား စားမှသိ

ဝေဘူ ဆရာတော်ဘုရားကြီး

ဒကာကြီးရဲ. သည်.လိုပြောပါမယ်၊ သကြားတို. ဘာတို.တော ဒကာကြီးက ချိုတယ်လို. ပြော မယ် မဟုတ်လား၊ ဒို.ကတော. မစားဖူးသေးဘူးလေ၊ တောထဲက ရဟန်းက ဒကာကြီးတို.ကို သကြားချို သလား ပြောစမ်းပါ ဆိုရင် ဒကာကြီးက ချိုတယ်လို. ပြောမှာပဲ မဟုတ်လား။ သည် တော. ဒို.က ဒကာကြီးရဲ. သကြားချိုတာ ကိုပြောစမ်းပါ ဆိုရင် ဘယ်နှယ်ပြောမလဲ။ (တပည်. တောက စားဖူးလို ပြောတတ်ပါတယ်ဘုရား။ မစားဘူတဲ. ပုဂ္ဂိုလ်များကတော. မပြောတတ်ပါ ဘုရား။) ဒို.က မစားဘူးလို. သကြားချိုတာ ဘယ်လိုလဲ လို.ပြောစမ်းပါ။(ထန်းလျက်ထက် အ များကြီး ကောင်းပါတယ် ဘုရား) ဒါဖြင်.ဒို.ကပြောမယ်၊သကြားဟာ ချိုတယ်ဆိုတာက ထန်းလျက် ထက်ကောင်းတယ် ဆိုတော.ဒို.ကသိပါ.မလား။ (မသိပါဘုရား)။

မေး။ သကြားအချို တကယ်သိအောင် ဒို.ကို ပြောစမ်းပါဦး။

ဖြေ။ သကြားအချို တကယ်သိအောင် မပြောတတ်အောင် ဖြစ်နေပါတယ်ဘုရား။

ဒကာကြီးက စားဖူးသားပဲ၊ ဘာကြောင်.မပြောတ တ်ရမှာလဲ။(တပည်.တော်မပြောတတ်တော .ပါဘုရား၊

အရှင်ဘုရားပဲ ဘုဉ်းပေးကြည်.ပါလို.ပြောရမှာ ပါဘုရား။)

မေး။ သကြားရဲ.ပုံသဏ္ဍာန် ပြောစမ်းပါ ဆိုတော. ဘယ်.နှယ် ပြောမလဲ။

ဖြေ။ ဆားနှင်.တူတယ်လိုပြောရမှာပါဘုရား။ ဒါပေမယ်.ဆားကတော.ပုရွက်ဆိတ်မတက်ဘူး၊

သကြားကတော. ပုရွက်ဆိတ်တက်တယ်၊ အခုလိုပြောပေမယ်.၊ အရှင်ဘုရားသိမှာမဟုတ်ပါ ဘုရား။ဒါဖြင်.ဘယ်တော.မှသိမှာလဲ။ (အရှင်ဘုရားဘုဉ်းပေးမှ သိမှာပါဘုရား) သကြားပုံသဏ္ဍာန်က ဆားနှင်.တူတယ်ဆိုတော.ဒို.က ဆားရော သကြားရော ကောင်းကောင်းမမြင်ဖူးဘူး။ သည်တော. ဆားနှင်. သကြားကွဲပြားအောင် ဘယ်လိုပြောမလဲ။

(ထုံးမှုန်. နှင်. ခပ်ဆင်ဆင် ပါဘုရား။) ဖြူဖြူဖွေးဖွေးလား။ ဒို.က ဆားကိုသာ မြင်ဖူးတော. သည်ဆားကိုပဲ သကြားဆို ပြီး စားရေားဗျာ၊သည်ေ တာ. ဘယ်နှယ်လဲ၊သကြားအမှန်ကို တွေ.ပါ.မလား။ (ဆားနှင်.ပဲတွေ. မှပါဘုရား။)သည် တော.ဒို.ကမှတ်ရတော.မယ်။ သကြားဆိုတာ ငန်တာ ထင်ပါရဲ. လို.မှတ်ရတော.မယ်။ (တပည်.တော်ပာာ အနိစ္စဘယ်လို မှတ်ရမှန်း မသိသလို လွဲနေမှာပါပဲဘုရား။)

အဲသည်တော.သကြားပုံသဏ္ဍာန်ကိ လျှောက်ပြောရင် လွဲစရာတွေ အများကြီး ဖြစ်နေပြီ၊ သေသေချာချာ ပြောမှဖြစ်မယ်။ (သကြားကိုယူလာပြီး အရှင်ဘုရား ဘုဉ်းပေးပါလို ပြောမှပဲ ဖြစ်မှာပါဘုရား။) သကြားတော.သိပြီေ ပြာစမ်းပါလို. ဆိုတော. ဘယ်.နှယ်လဲ။

(ပြောတော. ပြောပါရစေနှင်.၊ဘုဉ်းပေး ပါလို.ပြောရမှာပါပဲဘုရား။) စားရင်ငန်မှာလား။

(သကြားစားရင်တော.ချိုမှာပါပဲ ဘုရား။ မေး။ အဲသည်တော. ဒကာကြီးက သကြားစားနေတဲ.လူနားက ထိုင်ပြီး ချိုပြီ ချိုပြီ လို ပြောနေရ ဦးမှာလား။

ဖြေ။ မပြောရပါဘုရား။

မေး။ အဲသည်လိုပါးစပ်က မပြောတော. သကြားကရောမချို တော့ဘူးလား။

ဖြေ။ ချိုတာပါပဲဘုရား၊ ပြောလဲ နားငြီးရုံ ရှိမှာပါ ဘုရား။

မေး။ သကြားဟာ စားသည်နှင်. တပြိုက်နက် ဘယ်.နှယ်လဲ။

ဖြေ။ အဟုတ်ဆိုရင် ချိုမှာပါပဲ ဘုရား။

မေး။ သည်ရဟန်းကတောထဲက ရဟန်းဗျာ့၊ ငါ အကုန်လုံး မချိုဘူး၊မြို.ထဲက ဒကာကြီးတွေ လောက် ပြည်.ပြည်.စုံစုံမချိုပဲ တ၀က်လောက် ချိုလိုက်မယ် ၊လျော.ချိုလိုက်မယ်ဆိုပြီး ချိုမှာလား။

ဖြေ။ မျက်နှာမလိုက်ပဲ အတူတူချိုမှာပါ ဘုရား။

ဒါကြောင်. ခုနကရုပ်နာမ်များကိုလဲ ခုနက လိုမှတ်လေ။ သကြားလိုပဲ ချိုပါလိမ့်မယ်ဗျာ။

သည်လိုမှတ်ရင်း မှတ်ရင်းနှင်. သကြားနှင်.ဆားလွဲမှား နေဦးမှာလားဗျာ.။ ဒကာကြီးက ဆားနှင်. သကြားသေသေချာချာ ကွဲသလား။ဒကာကြီးဟာ ဈေးထဲကို မကြာမကြာရောက်သွားပြီး ဆားဝယ်စမ်း ဆိုရင် သကြားဝယ်လာမှလား။ (မမှားပါဘုရား၊ ကုလားကိုယ်တိုင်ဆားဆိုရင် ဆားပဲ ပေးလိုက်တာပါပဲ ဘုရား)

အခုလဲ ကုလားကတောင် မမှားဘူးဆိုတော. အတု အတူမရှိတဲ. ဘုရားရှင် သေသေချာချာ

ကိုယ်တော် တိုင်ထိုးထွင်းပြီး သိပါတဲ.အတိုင်း ဆင်းရဲကလွတ်ချင်တဲ. လူနတ်ဗြဟ္မာ တို.ကို စား ဆိုပြီးသေသေချာချာပေးလိုက် တာပဲ၊ စားသာစား၊ မမှားပါဘူးဗျာ.၊ မှားမှားစိုးတာန င်. မစားဘဲနေတာလား။ (သည်အချိန်တောင်မ ရောက်သေးပါဘုရား၊ပြောတာ နားထောင်တုန်းပါပဲ ဘုရား။) ဒါဖြင်.ခုနကပြောသလိုစားဗျာ့၊ မမှားပါဘူးတဲဗျာ.၊အေး..ဘာကြောင်. မမှားသလဲဆိုရင် ရုပ်နာမ်ဆိုတဲ.ဟာ အစဉ်အမြဲ ဖြစ်ပြီးပျက်နေတာတွေ.ပဲ။

မေး။ ဒါပေမဲ.ဘာကြောင်.အခုမသိသေးသလဲဆိုရင် စားဆိုရုံနှင်. မစားဘဲနေရင်သိပါ.မလား။

ဖြေ။ မစားဘဲနှင်.ချိုတာငန်တာကိုမသိနိုင်ပါဘုရား။

အေး…အခုလဲ သည်လိုကတော. သိနေတယ်။ ဒါကရုပ်၊ဒါကနာမ်၊ဒါကသုတ်၊ဒါက၀ိနည်း၊ဒါက အဘိဓမ္မာ၊ သည်လိုတော.သိနေပါပြီ။ဘုရားရှင် ဟောတာကိုတော. မေတ္တာရှင်၊ကရုဏာရှင် တွေကလဲ မအားမပြတ်ရအောင် ညွှန်ကြားဆုံးမထားတော. ဒါကသမထ၊ ဒါက၀ိပဿနာ ဆိုပြီးသိနေတယ် မဟုတ်လား။(ဒါလဲ လုံးလုံးထွေးထွေးပါပဲဘုရား။) ထွေးလဲထွေးပစေ၊ အခုနလိုသာဂရုစိုက်ဗျာ.၊ နောက်ကျရင်လုံးထွေးမှာ မဟုတ်တော.ပါဘူး။သူ.ဟာနှင်. သူသီးသန်. နေပါမယ်ဗျာ.။

အရှေ.သွားတော. အရှေ.ရောက်မယ်၊ အနောက်သွားတော. အနောက်ရောက်ပါတယ်။ (တပည်. တော်က မျက်စိလည်ပြီး အရှေ.ကိုအနောက်မှတ်ပြီး လျှောက်နေမိမှာ စိုးပါတယ်ဘုရား။) သည်နေရာမှာတော. မီးရထားစီးသလိုပေါ.။ ဒကာကြီးက သည်ကနေပြီး ဘယ်ကိုစီးချင်သလ (မန္တလေး စီးချင်ပါတယ်ဘုရား)

အေး..မန္တလေးရထားသာ မှန်မှန်တက်စီး ၊ တောင်ခေါင်းထဲ သွားချင်သွားပါစေ၊ မဆင်းနဲ. အဲဒါဆင်းရင် လွဲသွားမှာပဲဗျာ.။ ဆင်းသာမဆင်းနဲ.။ မန္တလေးရောက်မှာပဲ။

ရထားကဘာတဲ.ဆိုရင် နှာသီးဖျား၊ နှာသီးဝ ကလေးကို လက်နှင်.ထိတော. သိသလိုပဲ သည်လို စူးစူးစိုက်စိုက်ကလေးသာ သိနေ၊ အဲဒါ မီးရထား ပဲဗျာ၊ဘာတုံး ဆိုရင် မဂ္ဂင်တည်းဟူသာလှေ၊ မဂ္ဂင်တည်ဟူသောဖောင် သည်လိုပြောကြတယ် မဟုတ်လား။ စီးသာစီး မဂ် ဖိုလ်ရမယ်